အစားကောင်းကောင်းစားပြီး ဝိတ်ဘယ်လိုချရမယ်? (How to reduce weight by eating what you want: Dukan Diet)

By 3:06 AM


ဒီ Dukan (ဒူကဲန်း) Diet ကို ဗြိတိန်နိုင်ငံ ဝီလီယံ မင်းသားရဲ့ ကြင်ယာတော်Kate Middleton က မင်္ဂလာ ဆောင်ခါနီး ဝိတ်ကျအောင် သုံးခဲ့သလို Gisele နဲ့ Jennifer Lopez လည်းသုံးခဲ့ဖူးပါတယ်။ 

 ပြင်သစ်ဆရာဝန် Pierre Dukan က အစပျိုးခဲ့တာဖြစ်ပြီး သူဟာ ပြင်သစ်အမျိုးသမီးတွေ အရသာရှိတဲ့အစားစာတွေကို လျှော့မစား၊ အားကစားခန်းမ လည်း နေ့တိုင်းမသွားပဲ နဲ့ ကျစ်လစ်လှပ နေရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ်နိုင်ခြင်းကြောင့် နာမည်ကျော် ခဲ့သူဖြစ်ပါတယ်။



အဲဒါကြောင့် ပွဲလန်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်၊ အဝတ်အစားတွေမတော်တော့ လို့ပဲဖြစ်ဖြစ် ဝိတ်ချတော့မယ်ဆိုရင်၊ လိုက်နာဖို့Dukan Diet  လုပ်နည်း အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁)

 ကစီဓာတ်-ကာဘိုဟိုင်းဒရိတ် (Carbohydrate)၊ အသားဓာတ်-ပရိုတိန်း (Protein)၊ အဆီဓာတ်- ဖက်တီးအက်ဆစ်(Fatty Acid) ဆိုပြီး အစာအုပ်စုကြီး(၃) မျိုး ရှိတဲ့အနက် အသားဓာတ်ချည်း တစ်မျိုးတည်းကိုသာ စားရမှာဖြစ်ပါတယ်။ အသားဓာတ်ဆိုတာ ကြက်ဥအကာတစ်မျိုးထဲကိုသာ ဆိုလိုတာမဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင်မှာ အသားဓာတ်ချည်းပဲ အပြည့် ပါမယ့် အစာကိုရွေးစားပါ။ အဆီမပါတဲ့အသား၊ ငါး၊ ပင်လယ်စာ၊ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စ္စည်း စ တာတွေကိုစားသုံးနိုင်ပါတယ်။

ဒေါက်တာ ဒူကဲန်း က ဘယ်လောက်ပဲ အစား သောင်းကျန်းတဲ့သူပဲဖြစ်ဖြစ် အသားဓာတ်ဟာ ပြည့်တင်းခြင်း ခံစားမှုကို ပေးစေနိုင်တယ်လို့ ဆိုပါတယ်။ လျှော့ချင်တဲ့ ဝိတ်ပမာဏ အပေါ်မူတည်ပြီး ၂ ရက်ကနေ ၇ ရက်အထိ စားပေးနိုင်ပါတယ်။

အဆင့်(၂)

အသားချည်းပဲစားနေရကနေ အသားတစ်လှည့်၊ အသားနဲ့ဟင်းသီးဟင်းရွက်(အစိမ်း ဒါမှမဟုတ် ချက်ပြီးသား)အတွဲကိုတစ်လှည့် တစ်ရက်ခြားစီ စားပေးရမှာပါ။ ဒီအဆင့်ကို ကိုယ်လိုချင်တဲ့ အလေးချိန်ရောက်တဲ့အထိ စားပေးရမှာဖြစ်ပါတယ်။

စားချင်သလောက်ကို စားလို့ရတာကြောင့် သင့်ကိုစိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မှာပါ။ သင် Diet လုပ်နေတယ်ဆိုတာတောင် မေ့နေပါလိမ့်မယ်။ 

အဆင့်(၃)

သင် စားတဲ့ တစ်နေ့စာထဲကို ပေါင်မုန့် (၂)ချပ်၊ သစ်သီးတစ်စိတ်၊ ချိစ် လက်ညှိုးနှစ်ဆစ်အရွယ် တစ်တုံး ထည့်လို့ရပါပြီ။ ဒါပေမယ့် စားနေကျ အဆင့်(၂)က အစာကို  ကြိုက်သလောက်မစား တော့ပဲ တနေ့(၂)နပ် ပဲစားရပါမယ်။

ဒီအဆင့်ရဲ့ ကာလ ဟာ သင်ပေါင်ဘယ်လောက်ကျ ခဲ့လဲအပေါ်မူတည်ပါတယ်။ အကယ်၍ အဆင့်(၂) မှာ သင် ၅ ပေါင် ကျခဲ့ရင် ၅ x ၅ =၂၅ ရက် ထိစားပေးရပါမယ်။ အဲဒီလိုကြာရတဲ့အကြောင်းအရင်းကို ဒေါက်တာ Dukan က လူတော်တော်များများဟာ ကိုယ်လိုချင်တဲ့အလေးချိန်ရောက်ပြီဆိုရင် အစားကို မထိန်းတော့ပဲ လွှတ်စားကြလို့ နဂိုအလေးချိန်ကို ခဏလေးနဲ့ပြန်ရောက်ကြတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

အဆင့်(၄)

ကိုယ်စားချင်တဲ့အစာ ကိုစိတ်ထဲရှိသလို စားနိုင်ပါပြီ။ မျှတ ကျန်းမာတဲ့ အစားအစာ စားဖြစ်အောင်တော့ ဂရုပြုသင့်ပါတယ်။ တစ်ပတ်မှာတစ်ရက် ကတော့ အဆင့်(၁) ကလိုစားပေးပြီး အလေးချိန်ပြန်မတက်အောင် ထိန်းပေးနိုင်ပါတယ်။

လွယ်တယ်ဟုတ်? ဝိတ်လျှော့မယ့် အစီအစဉ်ကို အခုပဲ အကောင်အထည်ဖော်လိုက်ကြပါစို့။

စာကြွင်း။ ဟင်းထဲမှာ ဆီကို လက်ဘက်ရည်တဇွန်းစာ (1 teaspoon) ထည့်ချက်လို့ ရပါတယ်။




You Might Also Like

5 comments

  1. ညီမရေ..ဟင်းတွေချက်ရင် ဆီကလွဲရင် ပုံမှန်စားသလိုချက်စားလို့ရသလား…
    ဒါမှမဟုတ် လုံးဝရေလုံပြုတ်ပဲစားရတာလား… အဆင်ပြေရင် ဖြေပေးပါနော်

    ReplyDelete
  2. အစ်မ စိတ်ဝင်တစားနဲ့မေးလာတာကို ကြိုဆိုပါတယ်။ :) ဆီမထည့် တဲ့ ဟင်းဘာမဆိုရပါတယ်။ ပြုတ်ပြီး ဆော့စ်နဲ့ တို့စားလို့ ရသလို ကျပ်တိုက်၊ လှော်၊ မီးဖုတ် လုပ်လို့ရပါတယ်။ ဟင်းသီးဟင်းရွက်ဆိုပေမယ့် ကစီများတဲ့ အာလူးတို့ ကန်စွန်းဥတို့ ရွှေဖရုံတို့ မပါဘူးဆိုတာလေးပါ စာကြွင်း အနေနဲ့ ထည့်ပေးလိုက်ပါတယ်။ မဇာခြည် ကိုယ်ရောစိတ်ပါကျန်းမာရွှင်လန်းနိုင်ပါစေ။

    ReplyDelete
  3. အစ်မရေ၊ ခုန စာလေးကို ပြန်ပြင်ဆင် ပါရစေ။ စားစရာ တွေ ရှာကြည့်လိုက်တော့ ဆီကို လဘ္ကက်ရည်ဇွန်း တစ်ဇွန်းစာ (1 teaspoon) သုံးလို့ရတာ တွေ့ရပါတယ်။ အဲဒါဆို အစ်မလည်း ချက်ရအဆင်ပြေ ပြီထင်ပါတယ်.. ငါးခေါင်းဟင်းချို၊ ကြက်ဆာတေး၊ baked salmon, ပုဇွန် အစိမ်းသုပ် (သံပုရာသီးနှင့်) :)

    ReplyDelete
  4.ွှအသားကင်ချည်းသွားဝယ်ကစ် ပစ်မယ်း)

    ReplyDelete
  5. :D အစ်မဒိုးကန် စလင်းဘော်ဒီကိုယ်လုံးလေး မြန်မြန်ရပါစေ။

    ReplyDelete