မျက်ရစ်မရှိသူများအတွက် Smoky Eye ထည့်နည်း

By 10:36 PM

ဒီနေ့ (13.7.2011) မှာ ကျွန်မရဲ့ သနပ်ခါးမေ ဘလော့လေး ၁၀ ရက်ပြည့်ပါပြီ။


 ဧည့်သည်မှတ်တမ်းမှာလည်း ၁၀၀ပြည့်ပြီမို့  ကိုယ် ပထမဆုံးကြိုးစားထားခဲ့တဲ့ အရာလေး ဖြစ်ဖြစ်မြောက်မြောက်ဖြစ် သွားလို့အရမ်းပီတိဖြစ်မိပါတယ်။ နောက်နောင်လည်း စာဖတ်သူ ပျိုမေတွေစိတ်ဝင်စားမယ့်  နည်းလမ်းလေးတွေကို ကြိုးစားရေးသားသွားမှာပါ။

ဒီတစ်ခေါက်တော့ Smoky Eye ခြယ်နည်း ကို ပျိုမေတွေစိတ်ဝင်စားမယ်ထင်တယ်။ Smoky Eye က မျက်ရစ်ရှိတဲ့ သူတွေအတွက် ခြယ်ရတာအဆင်ပြေပေမယ့် မျက်ရစ်မရှိတဲ့ သူတွေကျတော့ ဘယ်ကနေဘယ်လို စ ခြယ်ရမယ် မသိပါဘူး။  Smoky Eye လေးဖြစ်အောင် ခိုးခြယ်နည်းလေး တင်ပြလိုက်ပါတယ်။

လိုအပ်တာတွေက-

Eye shadow အမဲရောင်၊ မီးခိုးရောင်၊ အဖြူရောင်
Eye Liner
Mascara 

ကျွန်မသုံးထားတာ တွေက၊ Victoria secret eyeshadow ၊ Tony Moly eyeliner ၊ Estee Lauder Turbo Lash mascara တို့ဖြစ်ပါတယ်။

Original Smoky Eye မှာက မျက်ခုံးရိုးတိုင်းခြယ်ရတာ ဖြစ်ပါတယ်။ မျက်ခုံးရိုးဆိုတာ မျက်လုံးအိမ်အပေါ်မှာရှိတဲ့အရိုးကိုပြောတာပါ။  အာရှသူတွေက မျက်ခုံးရိုးမြင့် တော့မျက်ခုံးရိုးတိုင်းခြယ် လို့ မလှပါဘူး။ ဒီတော့မျက်ခုံးနဲ့ မျက်လုံးကြား အပေါ် သုံးပုံနှစ်ပုံ၊ အောက် သုံးတစ်ပုံ၊ မှာအရာပေးလိုက်ပါ။ ပြီးရင် မှတ်ထားတဲ့အစက်နဲ့ မျက်လုံးအတွင်းထောင့်၊ အပြင်ထောင့်ကို အလိုက်သင့်လေး ဆက်ပေးလိုက်ရင် ပုံမှာပြထားတဲ့ Crease လိုင်းလေးရသွားပြီ။



အဆင့်(၁) အရာပေးထားတဲ့  အတွင်းက မျက်ခွံကို eyeshadow မီးခိုးရောင်ညီအောင်အပြည့်ခြယ်ပေးပါ။


အဆင့်(၂) လိုင်းတစ်လျှောက် ကို shadow အမဲရောင် နဲ့Crease လိုင်းပိုပေါ်စေဖို့ ထင်းထင်းလေးခြယ်လိုက်ပါ။


အဆင့်(၃) မျက်ခွံလေးကို ကြွကြွလေးဖြစ်စေဖို့ ကျန်တဲ့shadow အဖြူရောင် ကို မျက်ခုံးအောက်နားက နေရာ၊ မျက်လုံးအတွင်းထောင့် နဲ့မျက်ခွံအလယ်မှာ ထည့်လို့ရပါတယ်။



အဆင့်(၄) အပေါ်မျက်ခမ်းကို လိုင်နာထည့် တဲ့အခါ အပြင်ထောင့်လေး ကို ပိုးထည့်ရင် မျက်လုံး ပိုကြီးစေပါတယ်။ မျက်ပေါက်ကျဉ်းတဲ့သူတွေအတွက် အောက်မျက်ခမ်း လိုင်နာကို အပြည့်မထည့်ပဲ ဘေးတစ်ဝက်ပဲထည့်ပေးပါ။ Mascara လေးထည့်လိုက်ရင် Smoky Eye လှလှလေးရပါပြီ။ (အမြင်ဆန်းစေချင်ရင် အမည်း၊ မီးခိုး နေရာမှာ တခြားအရောင်တွေကိုလဲ အနုအရင့် အစားထိုးခြယ်လို့ရပါတယ်။)




ဧည့်သည်မှတ်တမ်း ၁၀၀ပြည့်အမှတ်တရအနေနဲ့ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ tutorial လေးတင်ပေးလိုက်ပါတယ်။

စာဖတ်သူ ပျိုမေတွေ လှသည်ထက်လှနိုင်ကြပါစေရှင်။

(ကင်မရာက သိပ်မကောင်းတော့ အရောင် သိပ်မထင်တာကို ခွင့်လွတ်ပေးကြပါနော်)




You Might Also Like

4 comments

  1. မြတ်ကြည် လှတယ်ရော...။
    ကောင်းပါ့..။


    ပေါက်

    ReplyDelete
  2. ကင်မရာမကောင်းလဲ လှနေတာပါပဲလေ..။
    ဟင်းးးး



    ပေါက်

    ReplyDelete
  3. ဘကြီးပေါက်၊ အခုလိုအားပေးတာ ကျေးဇူးပါ။

    ReplyDelete
  4. ကိုယ့်ဘာသာ..တစ်ယောက်တည်းအိမ်မှာ
    စမ်းကြည့်မယ်..မော်ဒယ်လေးအတိုင်း
    မလှရင်ပြန်လျော်ပေးရမှာနော်း))

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete