Bra size နံပါတ် မမှားရအောင်

By 6:39 PM

သုတေသနပြုချက် အရ အမျိုးသမီး ၁၀ ယောက်မှာ ၇ ယောက်ဟာ၊  Bra size အမှား တွေကို ဝတ်နေကြပါတယ်တဲ့။ ဒီလို ကိုယ်နဲ့မကိုက်တဲ့ နံပါတ်တွေကို ဝတ်နေတာဟာ၊ ရင်သားကို အရွယ်မတိုင်ခင် လျော့တွဲတာတို့၊ အချိုးမကျတော့တာတို့ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့် bra size ဘယ်လောက်လဲဆိုတာ အတိအကျတော့ သိဖို့လိုတာပေါ့နော်။

ကိုယ့်အကြိုက်ဆုံး (ဝတ်ရတာ fitting အကျဆုံးလို့ထင်တဲ့) အခုအခံ မပါတဲ့ bra တစ်ထည်၊ ပေကြိုးတစ်ချောင်းနဲ့၊ (ကိုယ်တိုင်တိုင်းရင် အဆင်မပြေတာတွေရှိတာမို့) တိုင်းပေးမယ့် အဖော်တစ်ယောက်လိုပါမယ်။

ပုံမှန်နှင့် ရင်အုံဖွံ့ဖြိုးသူတွေ အတွက်

ပထမဆုံးအနေနဲ့ ရင်အုံ ဆုံးသွားတဲ့ နေရာမှာ ပေကြိုးကို ကိုယ်တစ်ပတ် တိုင်းပါ။( ပေကြိုးသည် မြေပြင်နှင့်အပြိုင်ရှိပါစေ)  ရလာတဲ့ ဂဏန်းကို ၅ ပေါင်းလိုက်ရင် band size ရပါပြီ။

အကယ်၍ ရလာတဲ့ နံပါတ်က မ ဂဏန်းဆိုရင်၊ တစ် ပေါင်းပေးရပါမယ်။ Band size  တွေက စုံဂဏန်း ပဲ လာတာကြောင့် ပါ။



ဒုတိယအဆင့် အနေနဲ့ ရင်သားအပြည့်ဆုံး ဖြစ်တဲ့နေရာကို တစ်ပတ် တိုင်းရပါမယ်။ ရလာတဲ့ နံပါတ်က Cup size ဖြစ်ပါတယ်။

Cup size ထဲ က Band size ကို နှုတ်လိုက်မယ်ဆိုရင် ရလာတဲ့ ကွာခြားချက် ဂဏန်းဟာ A, B, C, D သက်မှတ်ပေးတဲ့ ဂဏန်းဖြစ်ပါတယ်။
ကွာခြားချက်

<1/2"=AA
1"= A
2"=B
3"=C
4"=D
5"=DD/E
6"=DDD/F ဖြစ်ပါတယ်။

ဥပမာ။ ။

Band Size= 36" Cup size 32" ---> (36 - 32 = 4) (4 = D)
ပျိုမေ့ Bra size က 36D ဖြစ်ပါတယ်။

ရင်အုံသေးတဲ့ သူတွေအတွက်ဆိုရင်

Cup size ကိုရဖို့အတွက် ညာဘက်ရင်သား အစက နေ ဘယ်ဘက်ရင်သား ဆုံးသွားတဲ့နေရာအထိ ပေကြိုးနှင့်တိုင်းပါ။ ရလာတဲ့ ဂဏန်းကို Band size ထဲမှ ပြန်နှုတ်ပေးပါ။

ကွာခြားချက်

7"  = A
8"  = B
9"  = C
10"= D
11"= DD

Band size = 34", Cup size = 26"---> (34 -26 =8") (8=B)
ပျို့မေ့ bra size က 34B ဖြစ်ပါတယ်။

ပျိုမေတို့ သက်တောင့်သက်သာရှိရှိ ဝတ်နိုင်ပြီး ရင်သားအလှ မပျက်စေဖို့၊ ကိုယ်နဲ့ကိုက်မယ့် bra size ကို ရွေးဝယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။



  

You Might Also Like

4 comments

  1. :ap:

    (မမစီဘောက်စ်မှာ သွားရိုက်ကြည့်)

    ပေါက်

    ReplyDelete
  2. ကျွန်တော်လာဖတ်သွားတာ.ဘယ်သူမှမသိစေနဲ့နော်..:D
    ကိုယ်နဲ့မဆိုင်ပေမယ့်...လက်ဆောင်ပေးဖို့ကြုံလာတာတို့..ရင်းနှီးတဲ့သူငယ်ချင်းတွေကို ပြန်ပြောပြဖို့ပါ..ဟီးဟီး..ရှက်တော့ရှက်သားဗျာ

    ReplyDelete
  3. ကော်မန့်ထားခဲ့နိုင်လို့ချီးကျူးပါတယ် :D

    ReplyDelete