Nail Art (Girly Pink)

By 6:44 AM

 ဒါလေးက မဘေဘီ ရဲ့ ဘလော့မှာ တင်ထားတဲ့ tutorial လေးကို ပြန်လုပ်ကြည့်ထားတာပါ။ လိုအပ်ချက်လေးတွေရှိပါသေးတယ်။ အစ်မတော့ ဒါကိုမြင်ပြီးရင် စိတ်ဓာတ်ကျမလားပဲ။ :Pပထမဆုံးအနေနဲ့ ပန်းရောင် ကို အပြည့်ဆိုးပါတယ်။ ရေစိုလက်သည်း အတွက်၊ ခရမ်းနုရောင်ကို မိတ်ကပ် sponge နဲ့တို့ပြီး လက်သည်းထိပ်လေးတွေကို လိုက်တို့ပါတယ်။လက်သည်းထောင့်လေးတွေကို သွားကြားထိုးတံကို သုံးပြီး အဖြူ အစက် ငါးစက်ချပါ။ ပြီးရင် အလယ်မှာ ဝတ်ဆံ အတွက် ရွှေအိုရောင်ကို အစက်ချပါတယ်။သွားကြားထိုးတံကို အသစ်လဲလိုက်ပြီး...

You Might Also Like

ချွေးပေါက်ကျယ်နေလား?

By 10:27 PM

 သူများတွေ မိတ်ကပ်လိမ်း နေ့တဝက်ထိအလှမပျက်၊ ကျွန်မမှာတော့ ချွေးပေါက်ကျယ်လို့ မျက်နှာအဆီတဝင်းဝင်းနဲ့။ မိန်းကလေးဆိုတော့၊ ဒီတိုင်းကြည့်လို့ ချွေးပေါက်အထင်းသားမြင်ရတာ သိပ် ဘဝင်မကျလှပါဘူး။ ဒါနဲ့ ဟိုနေ့က ကုန်ကြမ်း လိုက်ရှာနေတုန်း Bellasugar က၊ How to get Rid of Large Pores : DIY Egg White Treatment တွေ့လို့ ကိုယ်တိုင်လုပ်ကြည့်လိုက်ပါတယ်။ အစ်မရို့စ်လည်း အဲလို...

You Might Also Like

အိုမီဂါ သရီး (Omega 3 fatty acid)

By 11:36 PM

အိုမီဂါသရီးဆိုတာ လူခန္ဒကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ မပြည့်ဝ ဆီတစ်မျိုးပါ။ အဆီရဲ့ ဖွဲ့စည်းပုံကြမ်း CH3 - C- ..COOH ရှိတဲ့အနက်မှာ၊  ပထမဆုံး double bond (C=C) ဟာ CH3 ဘက်ကရေရင် သုံးခုမြောက်မှာ ရှိနေလို့ ၊ n3 fatty acid / အိုမီဂါသရီး လို့ ခေါ်ခြင်းဖြစ်ပါတယ်။n3 fatty acid အများကြီးရှိတဲ့အနက်မှာ ထင်ရှားတာတွေကတော့ alpha linoleic acid (ALA)၊ eicosapentoic...

You Might Also Like

Nail Art (M's Retro Blue)

By 11:12 PM

ကိုယ့်စိတ်ထဲရှိရာ လုပ်ထားတဲ့ ဒီဇိုင်းလေးပါ။ (M's Retro Blue လို့ နာမည်ပေးထားပါတယ်)ကွန့်တာများသွားတော့ ရှုပ်များရှုပ်နေသလား မသိနော်။ တဆင့်ချင်းကြည့်သွားရင် အရမ်းလွယ်ပါတယ်။ သွားကြားထိုးတံက လွဲရင် ဘာတန်ဆာပလာမှ မလိုပါဘူးရှင်။  ပျိုမေတွေ သဘောကျတဲ့အဆင့်အထိပဲ၊ ဆိုးသွားနိုင်ပါတယ်။(Basic) လက်သည်းတပြင်လုံးကို အပြာရောင်ဆိုးပါမယ်။ဘေးနှစ်နားကို သွားကြားထိုးတံသုံးပြီး အစက် လေးစက်စီ ချပါ။လက်သည်း အလယ်မှာ ဆိုးဆေး အဖြူရောင်ကို အပြားလိုက် ဆွဲပါ။ပြီးရင် အပြာရောင်ကို လက်သည်း အခြေမှ အနည်းငယ်ခွါပြီး...

You Might Also Like

DIY coffee ခွက်အောက်ခံ သိုးမွေးရက်နည်း

By 3:18 AM

 ကိုယ်တိုင်လုပ် ပစ္စည်းလေးတွေနဲ့ ကိုယ့်အိမ်ခန်းကို အလှဆင်ချင်သူပျိုမေများအတွက် ကတ်ထူကိုသုံးပြီး သိုးမွေးနဲ့ ကော်ဖီခွက်အောက်ခံ ရက်နည်းလေး ပါ။ လွယ်လည်းလွယ် အချိန်ကုန်လည်းသက်သာတာမို့  တင်ပေးလိုက်ပါတယ်နော်။ ကတ်ထူစာရွက်တစ်ရွက်ရှာလိုက်ပါ။ မရှိရင် စာရွက်ကို လေးခေါက်ခေါက် လို့လည်းရပါတယ်။ 1)  စာရွက်ရဲ့ ဘေး တစ် ဘက် ကို အခုလို အစိတ်လေးတွေ ညီညီညာညာ စိတ်ပါမယ်။ 2) ပြီးရင်မျက်နှာချင်းဆိုင်အနားကိုလည်း ယခုလို လိုက်စိတ်ပေးပါ။ 3) ကတ်ထူအစွန်မှာရှိတဲ့ မြောင်းလေးထဲ...

You Might Also Like

သဘာဝ မျက်နှာပေါင်းတင်နည်း (for dry skin)

By 3:43 AM

ဆောင်းရာသီမှာ ပတ်ဝန်းကျင်မှာရှိတဲ့ စိုထိုင်းဆဟာ မိုးရာသီထက်စာရင် အတော်လေး နည်းသွားပါတယ်။ ဆောင်းရာသီမှာရှိတဲ့ အသားအရေ ရေဓာတ်ပမာဏဟာ၊ နွေရာသီထက်တောင် ပိုနည်းတယ်ဆို အံ့ဩကြမလားပဲ။ ပုံမှန်အဆီပြန်တတ်တဲ့သူအတွက်တော့ ဒီ ရာသီဟာ၊  အလှပဆုံးအချိန်ဖြစ်ပေမယ့်၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့၊ လိုးရှင်းတွေဝယ်လိမ်းရ၊ face pack တွေ အုပ်ရနဲ့ အလုပ်ရှုပ်တဲ့ကာလပါပဲ။ဒီနည်းလေးကတော့  ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ စိုပြေဝင်းပတဲ့ အသားအရေရဖို့ လွယ်လွယ်ကူကူ အိမ်မှာတင် ဖြေရှင်းနိုင်တဲ့နည်းလေးပါ။အသုံးပြုမယ့် ပစ္စည်းတွေက - ကြက်ဥ တစ်လုံး၊ငှက်ပျောသီး တစ်လုံး၊ ထောပတ်သီး တစ်လုံးအရင်ဆုံး ငှက်ပျောသီးတဝက်နဲ့...

You Might Also Like

October Avon promotion သတင်းကောင်း

By 1:01 PM

Avon cosmetics တွေ promotion ချနေပြီနော်။ Extralasting series products ထဲက တစ်ခုကို မှ  ၅ ဒေါ်လာနီးပါးဆိုတော့မဆိုးဘူးပြောရမယ်။ 50% ကနေ 65% discount တွေအထိ ရှိတယ်ဆိုတော့ မဝယ်တောင်မှ လက်မလွတ်ရလေအောင် သွားကြည့်ကြပါလို့။ ဘလော့ပို့စ်တွေ မတင်ဖြစ်တာနဲ့ online ရှော့ပင်ထွက်တတ်တဲ့ ပျိုမေတွေအတွက်  သတင်းကောင်းလေး ပါးလိုက်ပါတယ်နော်။ Shopping ထွက်ဖို့ လင့်ခ်လေးက ဒီမှာပါရှင်။ စာဖတ်သူများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ...

You Might Also Like

လှချင်ရက်စက်စက်ယို (charcoal peel-off mask)

By 11:40 PM

စာဖတ်သူ သူငယ်ချင်းယောင်းမတို့ရေ...သီတင်းကျွတ်ပြီနော်။ မင်္ဂလာဆောင်များရှိရင် ဖိတ်ကြနော်။ စားရမယ်ဆို တကူးတကကို လာစားမှာ။ သီတင်းကျွတ် အချိန်အခါသာမယမှာ လှချင်ရက်စက်စက်ယို ဇာတ်လမ်းလေးက ဒီလိုပါရှင်။ ကျွန်မ ရှာလကာရည်နဲ့ ဆံပင်ဆိုးတဲ့ နေ့တုန်းက နေပူထဲနေရမယ်ဆိုလို့ ကျောင်းအနီးအနား ဟိုလျှောက်လျှောက်ဒီလျှောက်လျှောက် လုပ်နေတုန်း၊ Daiso (တစ်ထောင်တန်ဆိုင်) မှာ charcoal pack -peel off mask ဆိုလို့ စိတ်ဝင်စားတာနဲ့ ဝယ်လာလိုက်ပါတယ်။ ကျွန်မ နှာခေါင်းမှာ ဆားဝက်ခြံလေးတွေရှိတယ်လေ။ ဒါနဲ့ပေါင်းတင်မယ်ပေါ့။...

You Might Also Like

သဘာဝနည်းအတိုင်း Highlight ဖောက်ကြမလား?

By 1:08 AM

ဒီတပတ် တနင်္ဂနွေ ဘယ်မှ လျှောက်မလည်တော့ ehow မှာ ဟိုကြည့်ဒီကြည့်လျှောက်ရှာရင်း သဘာဝအတိုင်း Highlight  ဖောက်နည်းလေး မှာတွေ့တာနဲ့ ပြန်ဝေမျှလိုက်ပါတယ်နော်။လိုအပ်တဲ့ ပစ္စည်း တွေက ရှာလကာရည်ရယ်၊ သံပုရာရည်ရယ်ပါ။ရှာလကာရည်က ဆံသားမှာကပ်ငြိနေတဲ့ ခေါင်းလျှော်ရည်၊ conditioner နဲ့ hair products တွေကို စင်ကြယ်စေရုံသာမကပဲ ဆံပင်သားကို ပိုပြီး တောက်ပြောင်စေတယ်လို့ဆိုပါတယ်။ ဦးရေမှာရှိသင့်တဲ့ pH ပမာဏရအောင်လည်း ညှိပေးတာမို့ ဗောက်ဖြစ်စေတဲ့မှိုပေါက်ဖွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။လက်ဖက်ရည်ပန်းကန် တစ်ဝက်ကို ရှာလကာရည်၊...

You Might Also Like