သီချင်းလေးတွေ ကိုယ်တိုင်ဆို ကြမယ်။

By 7:03 PM

သီချင်းနှစ်သက်တဲ့ ပျိုမေတွေ အတွက်မြန်မာပြည်မှ သီချင်းတွေကို နားထောင်ရုံတင် မဟုတ်ပဲ၊ ကိုယ်တိုင်သီဆိုနိုင်တဲ့ site လေးပါ။ www.singforyou.net ဖြစ်ပါတယ်။

SingForYou.net


ကိုယ်ဆိုထားတာကို အလွယ်တကူ download ဆွဲလို့ရတာမို့ အမှတ်တရသိမ်းထားချင်သူတွေ သဘောတွေ့ကြမှာပါ။  အချင်းချင်း comment/ratingတွေ အပြန်အလှန်ပေးလို့လည်းရပါတယ်။ sign-up လုပ်ဖို့တော့လိုပါမယ်။

ကိုယ့်သီချင်းလေးတွေ ကို quality ကောင်းကောင်းနဲ့ အသံသွင်းချင်တယ်ဆိုရင်တော့ Audacity ကို ထည့်ထားဖို့ မှာလိုက်ပါရစေ။ အသုံးပြုရ ရိုးရှင်းပြီး၊ ကျွမ်းကျင်ရင် effects တွေလည်း ထပ်ထည့်လို့ရပါသေးတယ်။ singforyou.net မှာဆိုရင်းနဲ့ credit ကုန်သွားရင်လည်း ဒါလေးနဲ့ ဆက်ပြီး အသံသွင်းလို့ရ တာကြောင့်၊ credit ကုန်မှာ မပူပင်ရတော့ဘူးပေါ့။ Audacity ကို download ဆွဲမယ်ဆို လိပ်စာက http://audacity.sourceforge.net/download/ ဖြစ်ပါတယ်။


Audacity: Free Sound Editor and Recording Software


အခုတော့ ဒါလေးတွေနဲ့ ကျွန်မ ဘဝရဲ့ V.I.P အတွက် ရန်ကုန်ပြန်ရင် သီချင်း လက်ဆောင်ပေးဖို့ အသံသွင်းနေပါတယ်။ ကျွန်မ အသံကြားပြီး လာလည်ချင်စိတ်ပျောက်ကုန်မှာ စိုးလို့ မ share လိုက်တော့ဘူး နော်။ :)
သာယာတဲ့ နေ့လေးတစ် နေ့ဖြစ်ပါစေရှင်။



You Might Also Like

2 comments

  1. ကျွန်မ ဘဝရဲ့ V.I.P
    ဆိုပဲ
    သူက ရန်ကုန်မှာလား

    ပွင့်

    email ပေး မြတ်ကြီး..

    ReplyDelete
  2. ဟီးဟီး :) myatkyi1988@gmail.com အစ်မ။

    ReplyDelete